Sunday, September 23, 2007

အပိုင်းအစ

ပြောပြရဦးမလားချစ်သူ၊ လူဆိုတာ တပင်ရွှေနန်း၊မြန်းချင်သူချည်း။
လွမ်းရဦးမလား၊ တမ်းတတုန်းမင်းမရှိပေမယ့်
လမ်းအစဆုံး မမုန်းတမ်းလျှောက်ခဲ့သူပါခင်။
ကြင်ပါရစေအချစ်၊ မင်းပြစ်လည်း သည်ဘ၀၊ မင်းမှ မင်းဖြစ်
မင်းရိုက်တဲ့လက်ဝါး၊ ဓါးသွားလားထင်ရ
ရင်ဝမှာ လှံဆယ်စင်း၊ မင်းထိုးခဲ့ပေါ့
ဒဏ်ရာဟာကင်ဆာ၊ အဖန်တစ်ရာလူဖြစ်စေဦး၊ မုန်းဖို့မရှိ။
မျက်ရည်ကအက်ဆစ်၊ အချစ်ဆိုတာအမုန်း၊
ငါပြုံးလည်း မင်းမရယ်နိုင်သူပဲလေ။
တစ်နေ၀င်တစ်နေထွက်နဲ့၊ မသေခင်ဒီတစ်သက်တော့
ကေ၀၀င်မှော်အတတ်တွေနဲ့၊ မင်းရက်စက်ခဲ့။
မျက်ရည်တော့ကျခဲ့ပါတယ်၊ မက်မပြေစရာမင်းအလှတွေကြောင့်
ခက်ပွေလီဒီအဆုံးမတော့၊ အမုန်းသာကြွင်း။
ငုဝါ (မိုးကုတ်)

မှတ်ချက်။ ဒါလေးက အလွန်ကြာပြီဖြစ်တဲ့ ကဗျာလေးပါ ရက်စွဲတောင် မမှတ်မိနိုင်လောက်အောင်ပါပဲ သူ့ကို သတိရလို့ လွမ်းလွန်းလို့ ဒီ Post ကို တင်ဖြစ်တာ မဟုတ်ပါဘူး။ ဘ၀ရဲ့ တစ်ချိုးက အမှတ်တရလေးမို့ ဒီကဗျာ လေးကို ချန်မထားရက်ဘူး။ အောင်ချမ်းလင်း ရဲ့ ဒါဏ်ရာတစ်ခု ဆိုရင်တော့ ငြင်းမှာ မဟုတ်ပါဘူး။

No comments: