Tuesday, May 8, 2007

မျှော်လင့်ခြင်းမှတ်တမ်းရှည်

ကျွန်တော့်ကို မချစ်တဲ့ ကောင်မလေးကို ကျွန်တော်ဆက်ပြီး မျှော်လင့်နေသေးတယ်။ ဖြစ်သင့်သလား။ ဒီကဗျာလေးထဲမှာ ရစ်သမ် ထပ်နေတာလေးတွေပါလာပါလိမ့်မယ်။ ဟာကွက်လေးတွေလည်း ရှိကောင်းရှိပါလိမ့်မယ် ကျေးဇူးပြုပြီးပြင်ပေးကြပါဦး။ ကျွန်တော်သိပ်ကြိုက်တဲ့ ကဗျာလေးပါ။ (၂၇-၄-၂၀၀၄)ရက်နေ့ ည (၇)နာရီခွဲမှာ ရေးခဲ့တာပါ။


ကိုယ့်ကိုမချစ်တဲ့ မိန်းကလေးတစ်ယောက်ဆီက အဖြေစကားကို အသက်နဲ့လဲပြီး စောင့်ရမှာလား?
သူထိုင်ခဲ့တဲ့နေရာ၊ သူလျှောက်ခဲ့တဲ့လမ်း၊ သူ့ကိုပေးခဲ့တဲ့စာတစ်စောင်၊ သူမယူသောလက်ဆောင်၊ အခန်းနံရံက သူ့ဓါတ်ပုံနဲ့ နာမည်တွေ၊ သူသုံးနေကျရေမွေး၊ သူစားနေကျ အစားအစာ၊ သူကြိုက်တဲ့သီချင်း၊ ပြင်းပြင်းပြပြ ချစ်ခဲ့တာတောင် ၊ သြော် သူက ချစ်မှချစ်တတ်ရဲ့လား။

No comments: