Monday, May 7, 2007

INTRODUCTION

နိဒါန်း
ကျွန်တော်ဟာ မထင်မရှား ကဗျာဆရာလေးတစ်ဦးဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်မှစပြီး စာပေ လောကထဲ ၀င်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟိုတစ်စ၊ ဒီတစ်စနဲ့ ကျွန်တော့်ကဗျာလေးတွေ မဂ္ဂဇင်း၊ ဂျာနယ် တွေ ထဲမှာတွေ့နိုင်ပါတယ်။ ကလောင်အမည်ကို အမျိုးမျိုးနဲ့ရေးခဲ့ပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ငုဝါ နဲ့ ရည်မွန်သိုင်းဆိုတဲ့ ကလောင်လေး နှစ်လက်ပါပဲခင်ဗျာ။
ကဗျာတွေအများကြီးဖတ်နေတယ်။ အများကြီး ပြန်ရေးဖို့လည်း ကြိုးစားနေပါတယ်။ ဒါပေမယ့် ကဗျာ လောကကြီးမှာ မော်ဒယ် ကဗျာတွေ စတင်ဝင်ရောက်လာတာနဲ့ အမျှ ကာရန်နဲ့ရေးတဲ့ ကဗျာဆရာတွေ မတွေ့ရ သလောက် ဖြစ်လာပါတယ်။ အပြစ်မဆိုပါဘူး လက်တွေ့ရေးကြည့်မှ သိရတာပါ။ ရင်ထဲကထွက်လာတဲ့ ခံစားချက် အတိုင်း ကာရန်ဟာ ထပ်တူကျဖို့ မလွယ်ကူပါဘူး။ ရှေးဆရာတို့က ကဗျာတွင် ကာရန် အတွယ်အချိတ်ရှိ၏။ အလင်္ကာ (၄)မျိုး၊ သမာဓိဂုဏ် (၆)ပါး၊ ရသ (၉)မျိုးတို့ဟာ ကာရန်နဲ့တွဲဖက်ပြီး ကဗျာဆိုတဲ့ စာစုလေးတွေ ဖြစ်ပေါ် လာတယ်လို့ဆိုခြံပါတယ်။ မြန်မာ့ ကဗျာတွေ ဘယ်ခေတ်ရောက်ပီလို့ ဆိုဆို ကျွန်တော့်ရဲ့ ရေးပုံဟောင်းလေးနဲ့ ကဗျာလေးတွေကိုတော့ သေချာ ဖတ်ရှုဝေဖန်ပေးကြပါဦး။

No comments: